10/8/12

ငွေဆောင်မှ ဒုက္ခများ

ပြီးခဲ့တဲ့စစ်အစိုးရလက်ထက်က အဓမ္မ မြေသိမ်းတဲ့အထဲမှာ ငွေဆောင် အုန်း
ခြံတွေလည်းပါတယ်။ ဗိုလ်မှုးရင်စိန်ကသိမ်းပြီး အဲဒီအချိန်ကဗိုလ်ချုပ်ညွန့်တင်၏သမီး ဒေါ်သူသူအိဟန်။ဒုတိယဗိုလ်မှူးကြီးတင်အေးနှင့် ခ.ရ. က အတွင်းရေးမှူး ဗိုလ်မှူးရင်စိန်၏ဇနီး ဒေါ်တင်တင်ဝင်း တို့
နာမည်နဲ့ လ/န ၃၉ တွေထုတ်ထားတယ်။
အဲဒါကို ဧရာဝတီ တိုင်းဒေသကြီးလွှတ်တော်က စီမံကိန်းမလုပ်တဲ့မြေတွေကို
ဒေသခံတွေကို ပြန်ပေးရမယ်ဆိုတော့ သူတို့လုပ်ထားတဲ့ လ/န ၃၉

ကို ပယ်
ဖျက်တဲ့အမိန့်ထွက်လာတယ် ဒေသခံတွေကလည်း သူတို့ပြန်လည်ပိုင်ဆိုင်
ပြီလို့ယူဆပြီး အိမ်ဆောက်နေတယ်။ပြည်မြန်မာ ဂျာနယ်မှာ အားကစားဝန် ကြီးကလည်း ငွေဆောင်ဆီးဂိမ်းအတွက် ဒေသခံတွေနဲ့ ညှိနှုင်းတာ အဆင်
မပြေလို့ ဒေသခံတွေကိုပဲ ပြန်ပေးလိုက်ပြီပြောတယ်။
ဒါပေမဲ့ ပုသိမ်ခရိုင်ရဲမှုးက တရားစွဲခိုင်းလို့ အားကစားဝန်ကြီးဌာနက ဦးစိုးညွန့်က တရားစွဲဆိုပြီး မူလပိုင်ရှင် ဦးစိန်သန်း၊ ဦးစိုးလွင်နှင့် ဦးကျင်မြင့်တို့မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်လစီချမှတ်လိုက်တယ်
ဒီကိစ္စဟာ သာမန်ကြည့်ရင် ဒေသခံနဲ့ ၀န်ကြီးဌာနဆိုပေမဲ့ ဧရာဝတီတိုင်း
လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တွေကို အလေးမထားတာပဲ ဒီကိစ္စဟာ အားလုံးမှာတာဝန်ရှတယ်။လွှတ်တော်ရဲ့တရားဥပဒေစိုးမိုးရေးကို ၀ိုင်းပြီး
အကာအကွယ်ပေးသင့်တယ်။ သမ္မကြီးဦးသိန်းစိန်ခင်ဗျား ဒါဟာ တရားဥပဒေ စိုးမိုးရေးကို နှေင့်ယှက်ဟန့်တားနေတာပါပဲ။

7/9/12

ဒီနှစ်ဆိုရင် ဖုန်းမောင်ကြိုင်ရဲရင်သွေးငယ်က ဆဌမတန်းရောက်ပြီပေါ့

3/25/11

ဒီလိုသောက်ရင်းစားရင်း အပန်းဖြေကြတာပဲ...ကျွန်တော့်အစ်ကို၊၀င်းထွဋ်နဲ့ဖိုးကောင်းလေ။




သူကတော့ ကျွန်တော့ရဲ့ အခင်ရဆုံးသူငယ်ချင်းပေါ့၊ ၀င်းထွဋ်ဝင်းတဲ့ ဖုန်းမောင်ကြိုင်ကမ်းခြေကိုရောက်တုန်းလေ၊
























































လှည်းကလေးနဲ့ တူပျော်ပျော်ပေါ့....အဲ့ဒါကျွန်တော့ အဖေနဲ့အမေ။ ကျွန်တော်တို့ရောက်တုန်း မြေးတွေနဲ့ပျော်နေတာလေ...




ဒီလို စက်ဘီးလေးစီးပြီး အပန်းဖြေလို့လည်းရတယ်ဗျ....သူက ကျွန်တော့်ညီမလေးပါ







သူတို့တွေလည်း ကျွန်တော်တို့ကမ်းခြေက မွေးဖွားပေးထားတဲ့ အနာဂတ်အတွက် ရတနာလေးတွေပါပဲ......






















ဖုန်းမောင်ကြိုင် ရဲ့ရင်သွေးလေးပေါ့.......ကျွန်တော့်သားကြီး ခန့်ဇေယျ။







6/16/10

ရွာဦးစေတီလေးပေါ့


ဖုန်းမောင်ကြိုင် ရွာမှ ရွာဦးစေတီလေးပေါ့
ဆရာတော် ဦးကောဝိဒ ဦးဆောင်ပြီး ရွာသားများနဲ့တည်ထားကိုးကွယ်ခဲ့တဲ့ စေတီလေးပါ
စေတီလေးရဲ့အမည်က ကိုးန၀င်းဆုတောင်းပြည့် ကပ်ကျော်စေတီတဲ့

2/11/10

မလာဖြစ်ရင် သူငယ်ချင်းတွေလွမ်းနေမှာလား

2/3/09

ကလေးများရဲ့လွတ်လပ်ခြင်း


ကမ်းခြေမှာ ပျော်ပါးနေကြသောခလေးများ

သဇင်ချောင်းကလေး

သဇင်ချောင်းရဲ့ကမ်းနဘေးက လွမ်းတေးတစ်ပုဒ်

ကမ်းခြေကပင်လယ်ကလေးတို့ရေ
အစားကောင်းစားရတော့
ချစ်တဲ့သူကိုသတိယတယ်....တဲ့
တစ်နေ့ကပေါ့
internet ဆိုတဲ့ပါးပြင်ပေါ်
အနမ်းတွေနဲ့နှုတ်ခွန်းဆက်နေတုန်း
မင်းတို့ကိုတမ်းတ
ရွာလေးကိုသတိယမိတယ်
ခုအချိန်ဆို...
ငါသိပ်ချစ်တဲ့သူတွေက
ရိုးပြတ်ကြားမှာ
တဲကလေးတွေဆောက်
ကောက်လှိုင်းတွေကောက်နေရောပေါ့
ငါလေ.....
ငါ့ဝန်းကျင်က
ကောက်ရိုးခင်းတဲ့မြေတလင်းမှာ
အဲဒီ internet ကို
မင်းတို့နဲ့ဝိုင်းဖွဲ့ပြီး
ရမ်တစ်ခွက်နဲ့ မြည်းချင်လိုက်တာ....